Diesel engine တွေကို စစ်ဆေးပြုပြင်တဲ့အခါမှာ OBD 2 fault codes scanner ကို အများ အားဖြင့်အသုံးပြုကြပြီး အသုံးအများဆုံး scan tools ၂ မျိုးက VCI နဲ့ Scanner codes reader ပဲဖြစ် ပါတယ်။ Scanner မှာ P0089, P2214 စတဲ့ error codes တွေနဲ့ပြသပါတယ်။ VCI မှာတော့ စာသားနဲ့ ပြသပါတယ်။ တချို့ MAN CAT 3 ကဲ့သို့သော VCI တွေမှာ error codes ၅လုံးနဲ့ပြသပါတယ်။ တချို့ scanner ကတော့ error codes ၆ လုံးနဲ့ပြသပါတယ်။ error code တွေရဲ့ ရှေ့ အက္ခရာက ကားတစ်စီးလုံး ၏ ပြဿနာဖြစ်တဲ့ အပိုင်းကိုယေဘူယျ ညွှန်ပြပေးတဲ့အတွက်ကြောင့် P, B, C , U စတဲ့ alphabet တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။
» P-power codes
» B-body codes
» C - chassis codes
» U - network intergration codes တို့ပဲဖြစ်ပါတယ်။
အဖြစ်အများဆုံး error code တွေက P codes တွေပဲဖြစ်ပါတယ်။ scanner တွေမှာ သူ့အားသာချက်နဲ့ သူရှိပြီး diesel ကားတွေအတွက် ဘယ်လို scanner မျိုးက အားသာလဲ ဘယ်လို scanner မျိုးက အားနည်းချက်ရှိလဲ စသဖြင့်ရှိပြီး သီးသီးခြားခြား ထုတ်ထားတဲ့ brand ကိုယ်ပိုင် scanner တွေကတော့ သူ့သီးသန့် ကားတွေအတွက် ပိုကောင်းပါတယ်။ denso ကထုတ်တဲ့ DST-i scan tools တွေက Japan ကားတွေအတွက်ပိုကောင်းပါတယ်။ Bosch ကထုတ်တဲ့ KTS series တွေကတော့ German ကားတွေ အတွက် ပိုပြီးသင့်တော်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Gsan 2 , Gscan 3 ကတော့ CRDI Bongo , Porter 2 စတဲ့ ကိုရီးယားကားတွေအတွက် ပိုကောင်းပါတယ်။ Launch , Autel စတဲ့ scanner တွေက Ford , GM စတဲ့ US made တွေအတွက် ပိုပြီး အဆင်ပြေပါတယ်။ heavy duty တွေအတွက် scan tools ကုမ္ပဏီတွေက ကြိုးစားထုတ်လုပ်ကြပေမဲ့ မူရင်းကားကုမ္ပဏီတွေရဲ့ သီးသန့် VCI solfware တွေကိုမကျော်နိုင်ပါဘူး။ ဒါ့ကြောင့် ဘယ်လို scan tools ပဲသုံးသုံး မိမိပြုပြင်တဲ့ ကားနဲ့ ကိုက်ညီမှုရှိတဲ့ scan tools ကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။ diesel ကားတွေအတွက် အပိုင်း ၃ ပိုင်းရှိပါတယ်။ Ford Ranger , Toyota Hilux , Nissan navara , Mazda BT50 စတဲ့ light duty တွေက တစ်ပိုင်း NO4C, 4P10 , 4JJ1 စတဲ့ medium duty တွေကတစ်ပိုင်း နောက်ဆုံး MX13, K13C , 6M70, 6WG1, DC12 , D13 စတာတွေက heavy duty တွေပဲဖြစ်ပါတယ်။ အဲ့ဒီ ၃ မျိုးလုံးပြုပြင်မယ်ဆိုရင် အနည်းဆုံး Gscan 3, Fcar , Jaltest စတဲ့ scan tools တစ်ခုခုကို ဆောင်ထားမှသာ အဆင်ပြေမှာဖြစ်ပါ တယ်။ ကားအရေအတွက်များများပြုပြင်လေလေ ပြစ်ချက်တွေမတူညီတဲ့အတွက် scan tools များများလို လေပဲဖြစ်ပါတယ်။ သီးသန့်ပြင်တဲ့သူတွေကတော့ scan tools တစ်ခုပဲသုံးရင် လုံလောက်ပါတယ်။ ကား အမျိုးအစားနဲ့ scan tools တွေ အမျိုးမျိုးရှိကြပေမဲ့ error codes ကတော့ ၂ မျိုးပဲရှိပါတယ်။ codes နဲ့ပြတာရယ် စာနဲ့ပြတာရယ် ပဲဖြစ်ပါတယ်။
P0045
P0045 ကတော့ turbocharger code ဖြစ်ပါတယ်။ code ရဲ့ ညွှန်ပြချက်အရ turbo boost control solenoid valve circuit ပဲဖြစ်ပါတယ်။ VGT / VNT turbo open circuit error ဖြစ်နေရင် အဆိုပါcodeတွေပေါ်တတ်ပါတယ်။ 6M0 VGT ကိုသုံးပါတယ်။ သူ့မှာ turbo actuator နှင့်အတူ boost pressure sensor cobróloólo 4P10, NO4C, 4HL1, J08E0 P0045 နဲ့ဆိုင်တဲ့ or တွေအဖြစ်များပါတယ်။ ဒါ့ကြောင့် ပြဿနာကို ဖြေရှင်းရန် သူနဲ့ model တူ turbo တစ်လုံး အသစ် စမ်းသပ်ပြီး မကောင်းရင် အသစ်လဲလှယ်ရမှာပဲဖြစ်ပါတယ်။ တခါာရီမှာ electronic ပိုင်းအတွေ့အကြုံရှိတဲ့ vice သမားတွေကဟာ့ turbo motor circuit ကိုပြန်လည်ပြုပြင်ပြီး အသုံး ပြကြတာတွေရှိပါတယ်။ P0045 နဲ့အလားတူ codes တွေကတော့ P0046, P0047, P0048, PO049, P004A စတဲ့ turbocharger codes တွေပဲဖြစ်ပါတယ်။ P0045 code တက်ပြီဆိုရင် engine rpm 1500, 2000 ကျော်အောင်နင်းမရတော့ပဲ engine ဝပ်နေတဲ့ သဘောဖြစ်ပါတယ်။ P0045 နဲ့ P0108 ကတခါတရံတွဲပေါ်တတ်ပါတယ်။ P0108 ဆိုတာ boost pressure circuit high ဖြစ်ပြီး တနည်းအားဖြင့် MAP sensor voltage high input ဖြစ်နေတာပါ။ P0045 ကိုပြန်ဆက်ရရင် scan tool ရဲ့ special function ထဲမှာ actuation test စစ်ပြီး သူက turbo ရဲ့ အလုပ်လုပ်ပုံကို % နဲ့ပြသပေးပါတယ်။ engine. အလုပ်လုပ်ပုံအလိုက် engine မောင်းနှင်တဲ့ အခြေအနေအမျိုးမျိုးမှာ 0% to 90% အတွင်းပြောင်းလဲမှုရှိပါတယ်။ actuation test ဆိုတာ turbo motor ကို voltage ကျွေးပြီးကစားစေတာဖြစ်ပြီး သူအလုပ်လုပ်တဲ့ အနေအထားပေါ်လိုက်ပြီး turbo ကောင်း မကောင်းဆုံးဖြတ်နိုင်ပါတယ်။ Turbo motor ရဲ့ မောင်းနှင်မှုအရ ဘယ်လောက်အကွာအဝေး အတွင်း ဥပမာ 4mm ထက်မနည်း turbo motor arm အကွားအဝေးရှိရပါမယ်။ turbo shaft စားခြင်း U1123 CAN line error စတာတွေကလဲ ဖြစ်နိုင်ခြေရှိတဲ့ fault တွေပဲဖြစ်ပါတယ်။
PO089
ဆီလိုင်းနဲ့ပတ်သက်ပြီး အဖြစ်အများဆုံး code တစ်ခုက P0089 ပဲဖြစ်ပါတယ်။ သူ့ ရဲ့ ပြစ်ချက်ကို Gscan 2 နဲ့ဆိုရင် fuel pump ဆိုပြီးပြပါတယ်။ သူနဲ့အလားတူ code တွေက
• P0087 - rail pressure abnormal
• P0088 SCV abnormal.
• P0093 - Fuel leak တို့ဖြစ်ပါတယ်။ အဲ့ဒီ code တွေ အကုန်လုံးကဆီလိုင်းပိုင်းမှာ ပြဿနာ ဖြစ်နေ ကြောင်း ညွှန်ပြနေတဲ့ code တသိုက်ဖြစ်ပြီး သူရဲ့ procedure က nozzle တွေစစ်မယ် pump ကိုစစ်မယ်
စတာ တွေကို အရင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်fuel pump error code တွေဖြစ်နေပြီဆိုရင် သိနိုင်တဲ့ အချက် တွေက check lamp လင်းမယ်။ စက်သံမမှန်ဖြစ်မယ်။ engine အရုန်းအဆွဲကျဆင်းမယ်။ rpm 2000 ထက်ပိုနင်းလို့မရဘူး။ စတဲ့ယေဘူယျပြဿနာတွေကြုံရနိုင်ပါတယ်။ P0089 ၏ ပြစ်ချက် အချို့ က - Fuel pressure regulator မကောင်းတာလား
» Filter မကောင်းတော့တာလား
» Fuel line တွေ ပိတ်ဆို့နေပြီလား
» Fuel pump မှာ error ဖြစ်နေပြီလား။ စတာတွေကို စစ်ဆေးကြည့်ရမှာပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လုပ်ရမှာက စက်နှိုးထားကာ actuation test လုပ်ကြည့်ရမှာဖြစ်ပြီး nozzle တစ်လုံးချင်းစီကို ကောင်း မကောင်း test လုပ်ကြည့်ပြီး ကောင်းတယ်ဆိုရင် pump ပိုင်းကို pump ဆရာဆီမပြခင် green Jet စတဲ့ ဆေးရည်တမျိုးမျိုးကို အသုံးပြုလိုက်မယ်ဆိုရင် ပြဿနာ သေးငယ်ရင် ကောင်းသွားနိုင်ပါတယ်။ သို့သော် pump ရဲ့ running hour ကိုကြည့်ပြီး သက်တမ်းကြာနေပြီဆိုရင် pump လဲလိုက်မှ ကောင်းသွားမှာပါ။
P0107 , P0108
ဒီ code ၂ မျိုးကတော့ ယေဘူယျအားဖြင့် ဆင်တူတဲ့ manifold pressure sensor code တွေပဲဖြစ်ပါတယ်။ ကားအမျိုးအစား နဲ့ scan tools ရဲ့ ဘာသာစကားပေါ်အလိုက် barometric pressure sensor , atmospheric pressure sensor , ambient pressure sensor စတဲ့ နာမည်အမျိုးမျိုးရှိပါတယ်။ အဆိုပါ sensor အမျိုးအစားဟာ rail pressure sensor လို high pressure sensorလို မျိုးမဟုတ်ပေမဲ့ attitude 0ft to 20000ft မှာ 0.2 to 4bar အတွင်း pressure changes ရှိပါတယ်။ သူကနေ ECU နဲ့ ပတ်သက်ပြီး EGR , Turbo တို့ကို control loop ဘယ်လို သက်ရောက်မလဲ စတာတွေကို စီမံတဲ့နေရာမှာ boost pressure, temperature စတဲ့ sensor တွေနည်းတူ အရေးတကြီး လုပ်ဆောင်ပေးတဲ့ sensor တစ်လုံးပဲဖြစ်ပါတယ်။ pressure သက်ရောက်မှုကြောင့်အထဲမှာရှိတဲ့ sensing resistor ရွေ့သွားမယ်။ အဲ့ဒီ ရွေ့လျားမှုနဲ့ တဖက်မှာ voltage signal ထုတ်ပေးမယ်။ အဲ့ဒီတန်ဖိုးကတော့ starting to acceleration ကြားမှာ 1.8V to 4.65V ကြား voltage အတက်အကျရှိမှာပဲဖြစ်ပါတယ်။
P2033, P2002, P2458, P2463, P242F, P2452
ဒီလို code aတွေကoာ့ DPF code တွေဖြစ်ပါတယ်။ DPF ပါတဲ့ ကားတိုင်းမှာ အဆိုပါ code တွေပေါ်တတ်ပါတယ်။ အများအားဖြင့် ပြဿနာက exhaust sensor မကောင်းတာရယ် ကျောက်စကာ နေတာရယ် ၂ မျိုးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေဟာ ကားတိုင်းအတွက် အဖြေမရှိပါဘူး။ ပြုပြင်လို့ရတဲ့ အပိုင်းကတော့ ယေဘူယျအားဖြင့် ၃ မျိုးရှိပါတယ်။
1. ကျောက်ဇာဆေးကြောသန့်စင်ခြင်း
2. Exhist Sensor oကျော်ခြင်း
3. Ecl Remap လုပ်ခြင်း တို့ပဲဖြစ်ပါတယ်။
ကျောက်ဇကာဆေးကြောခြင်းဆိုတာ DPF cleaner ဖြင့်ဆေးကြောသန့်စင်ခြင်းပဲဖြစ်ပါတယ်။ အဲ့ဒါကို မပြောခင် DPF အကြောင်းကို အနည်းငယ်ရှင်းပြပေးပါမယ်။ DPF ဆိုတာ ECU box ပါတဲ့ ကားတွေမှာ မြစ်မနေပါဝင်လာရတဲ့ exhaust gas ဓာတ်ပြုခွဲထုတ်ပေးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ diesel တွေမှာ adblue ဆေးရည်သုံးရပါတယ်။ petrol ကတော့ TWC လို့ခေါ်တဲ့ catalyst convector နဲ့ပဲ အလွယ်တကူ စွဲထုတ်ပါတယ်။ တနည်းအားဖြင့်ပြောရင် exhaust gas filter ပဲဖြစ်ပါတယ်။ သို့သော် အလွန်ဈေးကြီးတဲ့ converter... အမျိုးအစားဖြစ်တဲ့အတွက် လွယ်လင့်တကူ. ဝယ်ယူလို့မရနိုင်လောက်အောင် ဈေးကြီးပြီး ပစ္စည်းရှားပါတယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ ကားအတော်များများဟာ japan use ဖြစ်တဲ့အတွက် ဒီဘက် ရောက်လာပြီး kilo အနည်းငယ်မောင်းရင်တောင် သက်တမ်းကုန်လို့ DPF ဆေးရပြီပဲဖြစ်ပါတယ်။ ECU ကနေ DPF ကို CAN စနစ်တွေ ဆက်သွယ်ထားပြီး emission ကိုထိန်းချုပ်ပါတယ်။ Exhaust ဆေးကြောခြင်းမှာ DPF cleaner ကို can နဲ့ ရေအချိုးကျကျ ပေါင်းစပ်ပြီးဆေးကြောနိုင်ပါတယ်။ ဆေးကြောတဲ့နေရာမှာ catalyst converter ကို အပြင်မှာဖြုတ်ချဆေးတာရှိသလို အထိုင်မှာ မဖြုတ်ပဲ ဒီတိုင်းဆေးကြောတာလည်းပါတယ်။ အဓိက ပြောင်စင်ဖို့သာ ပဓာနပဲဖြစ်ပါတယ်။ နောက်ထပ် တစ်နည်းက exhaust sensor ကျော်တာပဲဖြစ်ပါတယ်။ ဒီနည်းကတော့ စိတ်ချရတဲ့ နည်းမဟုတ်ပေမဲ့ အတော်အတန် အလုပ်ဖြစ်တဲ့ နည်းလို့ဆိုရမှာပဲဖြစ်ပါတယ်။ Exhaust စနစ်တစ်ခုလုံးကို အလုပ်မလုပ်တော့အောင် EGT sensor စနစ်တွေကို ဖျက်သိမ်းပြီး bypass နည်းနဲ့ sensor ကျော်ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီ စနစ်ကြောင့် ECU က EGT sensor တွေဆီကို voltage signal မရောက်တော့ပဲ emission exhaustစနစ်ကို neglect လုပ်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ ECU solfware အတွင်းမှာတော့ ဤစနစ်ဟာ ကျန်နေပါသေးတယ်။ ဒါ့ကြောင့် sensor ကျော်ထားတဲ့ ကားတွေ အခန့်မသင့်ရင် error တတ်နိုင်ပါတယ်။
P0335, P0336, P0339, P0340, P0341
Diesel ကားတွေမှာ စက်နှိုးရခြင်းနဲ့ပတ်သက်လို့ အဖြေရှင်းအရဆုံး code တွေဖြစ်ပါတယ်။ P0335, P0339 codes တွေက Fuso 4M40, 4M50 , YD1-K2 စတဲ့ ကားတွေမှာပေါ်တဲ့ code နောက်ပြီး P0341 က Mazda နဲ့ Hyundai CRDI တွေမှာ တွေ့ရတဲ့ code ဖြစ်ပါတယ်။ P0340 က probox, AD van စတဲ့ gasoline engine အတွက်ဖြစ်ပါတယ်။ P0336 ကတော့ Honda fit GD1 ကားတွေမှာပေါ်တဲ့ crankshaft sensor code ဖြစ်ပါတယ်။ camshaft position sensor error code တွေကိုဖြေရှင်းတဲ့နေရာမှာ စက်ဆရာချင်းအတွေ့ အကြုံမတူပါဘူး။ အဆိုပါ sensor ရဲ့ အလုပ်က crankshaft position ကို ECU ဆီသတင်းပို့ပေးနေတဲ့ sensor ဖြစ်ပါတယ်။ အဲ့ဒီ sensor နဲ့အလားတူ sensor ကို VP44 radial pump မှာလဲ တပ်ဆင်ထားတာတွေ့ ဖူးပါတယ်။ crankshaft position sensor အကြောင်းကို အနည်းငယ် ရှင်းပြပေးပါမည်။ အဆိုပါ sensor က magnet ကို coil ပတ်ပြီး AC voltage ထုတ်ပေးတဲ့ sensor အမျိုးအစားဖြစ်သလို power , signal , ground စတဲ့ ငုတ်၃ငုတ်မှာ signal ဆိုတာ crankshaft rotation အရပြောင်းလဲသွားတဲ့ 0 to 5V အတွင်း sensor ရဲ့ လုပ်ဆောင်မှုကို ECU ကသိမှာဖြစ်ပါတယ်။ crankshaft position sensor ပျက်နေရင် စက်နှိုးရခက်ခြင်း.. မကြာခဏစက်ရပ်ရပ်သွားခြင်းကား ဂကျိုးဂဂျောင်ဖြစ်တတ်ပါတယ်။ timing မမှန်တဲ့သဘောဖြစ်ပါတယ်။ crankshaft position sensor မှာ ၂ မျိုးရှိပါတယ်။ inductive type sensor က NE+, NE- ငုတ် ၂ ခုပါပါတယ်။ hall effect sensor ကတော့ Out , Gnd , Vcc စတဲ့ ငုတ် ၃ငုတ်ပါဝင်ပါတယ်။ ငုတ် ၂ ငုတ်ပါတဲ့ inductive sensor type ကို ohm တိုင်းရင် 1.5kohm to 3.3kohm ရှိရင် sensor ကောင်းပါတယ်။ ငုတ် ၃ငုတ်ပါတဲ့ sensor မှာ 550ohm လောက်ရှိရင်ကို sensor ကောင်းပါတယ်။ နောက်ပြီး ohm တန်ဖိုးအရမ်းများနေရင်၎င်း ohm တန်ဖိုး 0 ဖြစ်နေရင် shock circuit ဖြစ်နေပြီပဲဖြစ်ပါတယ်။ crankshaft position sensor နဲ့ camshaft position sensor တွေ ကောင်းမကောင်း အသေချာဆုံးက scope သုံးပြီးတိုင်းတာခြင်းပဲဖြစ်ပါတယ်။ inductive type ဆိုရင် Voltage time graph မှာ သူ့ရဲ့ waveform က ဘယ်လိုပြလဲ ဆိုတော့sensor ကောင်းရင် waveform က sine waveform , square waveform စသဖြင့် သူအလုပ်လုပ်တဲ့အတိုင်းထွက်ပါတယ်။ waveform ပုံစံမမှန်ရင် sensor ပျက်နေပြီလို့ ယူဆရမှာပဲဖြစ်ပါတယ်။ နောက်ပြီး sensor နဲ့ plate ကြားညှို့ငင်အကွာအဝေး gap က အရမ်းကွာနေလို့မရပါဘူး။ ဒါ့အပြင် wheel မှာ အသွားတွေ လိပ်နေတာ အသွားတွေပဲ့ထွက်နေတာ timing မှားနေတာ timing ကျော်နေတာ စတာတွေကလဲ error code တွေပေါ်နိုင်တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ crankshaft position sensor က တခြား sensor တွေနဲ့ မတူတဲ့အချက်က sensor နဲ့ အနီးဆုံးမှာရှိနေတဲ့အတွက် engine အပူချိန်ကိုခံရပါတယ်။ အဲ့ဒီအခါ sensor wire တွေပေါက်ပြဲကုန်တာ sensor တွေအပူလွန်ကဲပြီးပျက်စီးတတ်ပါတယ်။ engine overheat တက်ရင် sensor ပျက်စီးစေနိုင်ပါတယ်။
P0115, P0117, P0118
P0115 ဆိုတာကတော့ coolant sensor malfunction ဖြစ်ပါတယ်။ ရေလိုင်းမှာ ပြဿနာ တက်နေပြီပဲဖြစ်ပါတယ်။ heat တက်ခြင်းအစက ဒီမှာပဲဖြစ်ပါတယ်။ Honda CBR150 မှာ coolant sensor ပါတယ်။ အဲ့ဒီမှာရှိတဲ့ water pump ပြောင်းပြန်လည်ပြီး engine ထဲရေမရောက်လို့ heat တက်တဲ့ ပြဿနာ မျိုးရှိပါတယ်။ သူ့ရဲ့ instrument clutcher မှာ heat တက်တာကို သင်္ကေတနဲ့ ပြပေးပါတယ်။ ၃တုံးက normal ဖြစ်ပြီး အများဆုံး ၅တုံးထိတက်နိုင်ပါတယ်။ အမြဲတမ်း ၅တုံးတက် နေရင်တော့ ရေလိုင်း ပြဿနာ ဖြစ်ပြီ။ ဒါနဲ့ engine oil နည်းနေရင် heat တက်နိုင်ပါတယ်။ နောက်ပြီး clutch ဆွဲမရတော့ရင်လဲ heat တက်နိုင်ပါသေးတယ်။ ဒါက ဆိုင်ကယ်မှာရှိတဲ့ ရေလိုင်းပြစ်ချက် ကားလဲ ဒီသဘောပဲဖြစ်ပါတယ်။ ကားမှာ ကျတော့ coolant နည်းနေရင်လဲ heat တက်နိုင်ပါတယ်။ coolant နဲ့ရေ ရောထည့်တယ်ဆိုရင် လည်း coolant quality နည်းနေရင် heat တက်နိုင်ပါတယ်။ နောက်ပြီး radiator ပေါက်နေတာ thermostat မပွင့်တာ sensor ကြိုးတွေပူးနေတာ နောက်ပြီး အပူလွန်ကဲပြီး ပေါက်ပြဲနေတာ စတာတွေ ကလဲ P0115 ပေါ်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ coolant sensor ကသိပ်ကိုအရေးကြီးပါ တယ်။ sensor ရဲ့ signal ပေးပို့မှုပေါ်လိုက်ပြီး ECU ကနေ nozzle တွေကို ဆီပေးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ coolant temperature sensor ကို ငုတ် ၂ခုပါတဲ့ NTC resistor ကိုသုံးပေးထား၍ -40°C to 130°C အတွင်း အာရုံ ခံနိုင်ပြီး -30°C မှာ 25.4kohm ရှိပါတယ်။ 40°C မှာဆိုရင် 1.15kohm နှင့် 120°C မှာဆိုရင်တော့ 0.11kohm ပဲရှိတော့ပါတယ်။ သူနဲ့ အလားတူ sensor တွေက 1kz pump မှာတပ်ထားတဲ့ fuel temperature sensor, IAT sensor, engine oil sensor, exhaust gas temperature sensor တို့ပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာ temperature range တွေတူညီပေမဲ့ exhaust gas temperature ကတော့ platinum resistor ကိုအသုံးပြုထားလို့ 1000°C လောက်ထိကို တိုင်းတာနိုင်ပါတယ်။
P0180, PO182, P0183
P0180, PO182, P0183 0o) codes acgen fuel temperature sensor codes wiki's oS fuel temperature sensor co cocoacpoden sense afroameri temperature sensor of fuel pipe, tank oo low pressure stage gp cobackworcorso fue supply pump yo&EQUI0001006koos sensor & measuring temperature co -40°C to 120°C EgbólSa Hilux 1kz pump och fuel temperature sensor of pump chizket low pressure side yoon&co&conólooo fuel pressure 1500bar & songnglagch high pressure side မှာ fuel temperature coobcookémoakypénfio pressure spué temperature progoro) soge fuel temperature co အမှန်မဟုတ်တဲ့အတွf, EQJ rr/l nozzle o rich mixture, lean mixture of ogchyrhauspicacy bagi pedonda So fuel temperature sensor do coton ECU en sensor soad data ယူတာပဲဖြစ်တယ်။ Denso purp, Ikz purnp တွေရဲ့ purrp body မှာ rxnsor ကိုပါ တပါတည်း တွဲထားပါတယ်။ အကယ်၍ sensor ကောင်းမကောင်း သိချင်ရင် ohm တိုင်းပါ။ သူ့မှာ chrr တဂိုးက temperature အလိုက် ပြောင်းလဲမှုရှိပါတယ်။meter နဲ့ sensor ငုတ် ၂ ငုတ်ကို တိုင်းကြည့်လိုက်မယ်ဆိုရင် 70°C မှာ 0.428ohm လောက်ရှိပြီး engine အေးနေချိန် 10°C မှာ 3.7ohrn ရှိနေမှာပါ။ နောက်ပြီး အcret ကိုဖြုတ် key on ပြီး voltage တိုင်းမယ်ဆိုရင် NTC seror တွေရဲ့ ထုံးစီrအတိုင်း 4.5V to 5.5V အတွင်းရှိနေရပါမယ်။ sensor က ohm လဲမှန်တယ် V လည်းရှိတယ်ဆိုရင် wiring ပိုင်းတွေကို စစ်ဆေးပြီး ကြိုးတွေပျက်မပျက် continuity ရှိမရှိတိုင်းတာပေးရမှာပဲဖြစ်ပါတယ်။ pump နဲ့ တွဲထားတဲ့ error ဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းရှိရင်လွယ်ကူပေမဲ့ ပစ္စည်းမရှိရင် pump ပါလဲရမည့် အနေအထားရှိပါတယ်။
P0120 , P0121 , P0122 , P0123
ဒီ codes တွေကတော့ ဒီဇယ်ကားတွေမှာ P0122 က Pedal sensor fault code ဖြစ်ပါတယ်။ ဓာတ်ဆီကားတွေအတွက်ဆိုရင် P0120,P0121,P0123 စတဲ့ codes တွေက throttle position sensor error codes တွေပဲဖြစ်ပါတယ်။ ဒီဇယ်ကားတွေမှာ လေတံခါးဂျက်ပါလေ့မရှိပါဘူး။ အထူးသဖြင့် လေလိုင်းကို ထိန်းချုပ်တာက ECU ကနေ turbo ကို computer programming နဲ့ အလိုအလျောက် မောင်းနှင်ထားပြီး boost pressure , charge temperature sensor စတဲ့ sensor တွေကို အစဉ်သဖြင့်
signal ရယူကာ turbo motor ကို ဘယ်လောက် % ဖွင့်ပေးမလဲ စတာတွေကို ချိန်ကိုက်ပြီး တဖက်မှာရှိတဲ့ injection pump နဲ့ timing ကိုက် ဆီကျွေးပါတယ်။ ဒါ့ကြောင့် ဒီဇယ်ကားတွေမှာ ပြောလို့ရတာက ဆီလိုင်း ကိုပဲ လူကနေ မောင်းနှင်ပေးပါတယ်။ အဲ့ဒီမှာ ဆီများများကျွေးရင် engine power ပိုရမယ်။ ဒါ့ကြောင့် pedal sensor ကအရေးကြီးပါတယ်။ accelerator pedal ကို နင်းသမျှသူကနေ injection pump ဆီကို injection % တွက်ချက်ပေးမှာပဲဖြစ်ပါတယ်။ Pedal sensor ကို accelerator ရဲ့ အောက်မှာ ထားရှိပြီး pedal နင်းတိုင်းမှာ sensor အလုပ်လုပ်၍ accelerator ရဲ့ ပြောင်းလဲမှု 25mm အတွင်း ECU ကို 0.75V to 4.75V signal ပို့ပေးနေတာဖြစ်ပါတယ်။ Pedal sensor version ၃မျိုးရှိပါတယ်။
Individual accelerator pedal sensor
.Top-mounted accelerator pedal sensor
• Bottom-mounted accelerator pedal module တို့ပဲဖြစ်ပါတယ်။
EDU ပိုင်းစတင်သုံးစွဲလာတဲ့ 2000 ခုနစ်မတိုင်ခင်ကားတွေမှာ သုံးတာက individual accelerator pedal ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဓာတ်ဆီကားတွေမှာ အသုံးပြုကြပါတယ်။ top-mounted accelerator pedal ကိုလဲ ဓာတ်ဆီအင်ဂျင်တပ် Saloon , SUV , Sedan ကားတွေမှာသုံးပါတယ်။ Bottom-mounted accelerator pedal ကတော့ ဒီဇယ်အင်ဂျင်တပ်ထားတဲ့ medium duty, heavy duty တွေမှာ အသုံးများပါတယ်။ pedal sensor ပျက်ရင် accelerator စုံလိုက်သာလဲရမှာဖြစ်ပါတယ်။ truck တွေမှာ pedal sensor ရဲ့ အလုပ်လုပ်ပုံက pedal ကိုနင်းလိုက်ရင် အောက်မှာ rollar ကလည်ပြီးရှေ့နောက် ရွေ့လျားနေတဲ့ပုံစံကို voltage ထုတ်ပေးတဲ့ potentiometer type magnet hall effect sensor ပဲဖြစ် ပါတယ်။ Hilux , innova 1kD / 2kD ကားတွေမှာ top-mounted accelerator pedal သုံးထားပြီး 6pin ပါတဲ့ hall effect type ပဲဖြစ်ပါတယ်။ 1V to 5V အတွင်းမှာ 0° to 20° ကြား sensor အလုပ်လုပ်ပြီးတော့ သူ့မှာပါတဲ့ VPA1, GND1 , VC1 , VPA2, GND2 , VC2 စတဲ့ ငုတ် ၆ခုမှာ VC2 နဲ့ GND2 or VC1 နဲ့ GND1 ကိုတိုင်းကြည့်တဲ့အခါ 4.5V to 5.5V အတွင်းရှိရင် sensor ကောင်းပါတယ်။ pedal sensor ပျက်ရခြင်းရည်ရွယ်ချက်က အသုံးပြုတဲ့ အကြိမ်အရေအတွက်များသွားတဲ့အတွက်ကြောင့်၎င်း wiring ပိုင်း တွေ shock ဖြစ်နေခြင်းကြောင့်၎င်း ပျက်တတ်ပါတယ်။ ထုတ်လုပ်တဲ့ Company ကနေ pedal နင်းတဲ့ အကြိမ်အရေအတွက် 500million စသဖြင့် limit လုပ်ပေးထားပြီး အဲ့ဒီအကြိမ်ထက်ပိုသွားရင် sensor ပျက်တတ်သလို sensor နဲ့တွဲထားတဲ့ accelerator module ကိုပါလဲရမှာဖြစ်ပါတယ်။
P0251, P0253, P0254
ဒီလို code တွေက CRS စနစ်တစ်ခုလုံးခြုံပြီးဖြစ်တဲ့ စက်ဆရာတိုင်းလန့်ရတဲ့ code အမျိုးအစား တွေဖြစ်ပါတယ်။ ... pump. ဆရာအကူညီမယူရင် ၁ပတ် ၁၀ရက် ကြာညောင်းတတ်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်ကား rail pressure control abnormal ဖြစ်ပါတယ်။ ဒီလို code ပေါ်ရင် check lamp လင်းမယ်။ စက်သံမမှန်တော့ဘူး။ အရုန်းဆွဲကျမယ်။ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေပါပဲ။ သူ့ကို ဖြေရှင်းရမဲ့ ပြဿနာကများပါတယ်။ ဆီလိုင်းတခုလုံး ကမောက်ကမဖြစ်တဲ့အတွက် pump ဆရာကို လိုအပ်တဲ့ အစိတ်အပိုင်းတွေ စစ်ခိုင်းပြီး မိမိက EGR , DPF စတာတွေကို ဆေးကြောထားရမှာဖြစ်ပါတယ်။ အဆိုပါ P0251 ပေါ်ရင် မလွဲမသွေ pump နဲ့ injector တွေကို ကိုင်ရမှာဖြစ်ပါတယ်။ pump ဆရာဆီမှာ pump ချိန်ခြင်း injector တွေကို repair ပြန်လုပ်ခြင်း စတာတွေ လုပ်ရမှာပဲဖြစ်ပါတယ်။ CRS မှာပါတဲ့ limiter , rail sensor စတာတွေကိုလဲ ကောင်းမကောင်း စမ်းသပ်စစ်ဆေးပြီး မကောင်းရင် လဲလှယ်ပေး ရမှာပဲ ဖြစ်ပါတယ်။ ခြုံငုံပြောရရင် P0251, P0254 တွေက P0087, P0088 လို CRS အစိတ်အပိုင်း တစ်ခုချင်းစီပြတဲ့ code မဟုတ်တဲ့ အတွက်ကြောင့် ဆီလှိုင်းတစ်ခုလုံး ပြန်လုပ်ရတဲ့ code တွေပဲဖြစ်ပါ တယ်။
0 Comments