၁။

စိတ်ထွက်ပေါက်ဟာ

စာကလေး ဝယ်လွှတ်လို့လည်းမရ

ဂစ်တာခေါက်ပြီး သီချင်းအော်ဆိုလို့လည်းမရ

ခက်တယ်ကွယ်

နောင်သံသရာအဆက်ဆက် ကပ်ငြိပါမယ့် အပြုံးလေးရေ


၂။

အလင်းချည်း ဖြန်းနေတဲ့ ဓာတ်ပုံ

အမှောင်ချည်း သန်းနေတဲ့ ဓာတ်ပုံ

ဘယ်မှာ ရှုပျော်ကောင်းပါလိမ့်

မင်းနဲ့ ကိုယ့်ကြား

အလင်း၊ အမှောင်ဟာ ညီမျှလွန်းပာတယ်။


၃။

ဘယ်တောတွေ ဘယ်လိုပြုန်းပြုန်းပေါ့

ကိုယ့်စိတ် ဥတုရာသီကတော့ အမြဲမှန်ခဲ့တယ်

ဒါဟာ ဘာဓာတုဆေးမှမပါတဲ့

အဖြူထည် သစ္စာတရား ။


၄။

ကျန်ခဲ့တဲ့ ရွှေအိမ်စံနန်းကို စိတ်မဝင်စားဘူး

ရွက်စုပ်ပြက္ခဒိန်ဟာ အနိစ္စတွေပဲမလား

အနာဂတ်ဆီပဲ တူရှုကြမယ်

မနက်ဖြန်တိုင်းဟာ မင်းကြောင့်ပိုလှရပာလိမ့်မယ်။


၅။

မိန်းကလေးပဲကွယ် စဉ်းစားပေါ့

လောကဓံကို ခါးစောင်တင်နိုင်ဖို့

မင်းအပြုံးလေးနဲ့ ကျားကန်ထားတာပဲ

ကောင်းကင်မှာ ကြယ်စုံဖို့

ကိုယ် ညနက်တဲ့အထိ စောင့်စားရဲပါတယ်။


         မျိုးဝင်းနိုင်

       1/April/ 19

ရေငတ်ပင်