ချစ်မိတဲ့အခါ. . .

ကဗျာလေးတွေမှာ အနာလေးတွေ

ယှက်နွယ်နေတတ်တယ်။ 


ချစ်မိတဲ့အခါ. . .

အရှုံးလေးတွေမှာ အပြုံးလေးတွေ

ရှိုက်ငိုနေတတ်တယ်။


ချစ်မိတဲ့အခါ. . .

ဖိမရတဲ့ သတိရခြင်းတွေလည်း

အညွှန့်တလူလူ ထိုးထွက်နေတတ်တယ်။


ချစ်မိတဲ့အခါ. . .

မုသားလေးတွေလည်း ပြုစားသလို

နင့်နေအောင် ချိုလာတယ်။


ချစ်မိတဲ့အခါ. . .

အိုရင့်သွားသော စိတ်ကလေးများ

ပျိုမျစ်လာကြတယ်။


ချစ်မိတဲ့အခါ. .  .

ကမ္ဘာကြီးစိမ်းလန်းဖို့ လွယ်သလို

ခြောက်သွေ့သွားဖို့လည်း လွယ်ကူပါတယ်။


ချစ်မိတဲ့အခါ.  .  .

ချစ်မိတဲ့အခါ.  .  .


မျိုးဝင်းနိုင်

၁၈.မေ.၂၀၁၉