၁။
အချစ်ရေလို့ ခေါ်ခွင့်ရဖို့
ကိုယ့်မှာ မင်းနှုတ်ခမ်းလေးကို မျော်ငေးနေရ။
သံသရာတစ်ဖက်ကမ်းထိ
ကိုယ့်သောကတွေ သယ်မသွားချင်ဘူးကွယ်။
၂။
စိတ်မီးခိုးအူနေတဲ့
ကိုယ့်အခန်းလေးထဲ မီးတွေလည်းမှိတ်
တံခါးတွေလည်း ပိတ်ထားပါပြီ။
ဟော့ဒီ မျက်လုံးတွေထဲ
မင်းဘယ်လိုများ ရောက်ရောက်နေသလဲကွယ်။
ညတာတွေ ရှည်လျားလွန်းတယ်။
၃။
ဘယ်လိုမှော်အတတ်မျိုးလဲ
လမ်းတွေကပဲရွေ့နေတာလား
ခြေထောက်တွေကပဲ နောက်ပြန်နေတာလား
လုပ်သမျှ အရာရာဟာ ကမောက်ကမ
အဲ့ဒီမျက်ဝန်းစိုစိုလေးထဲပဲ အပြန်ပြန်အလှန်လှန်
ဝင်, ဝင်နေမိတယ်။
၄။
သူငယ်ချင်းတွေက လှောင်တယ်
ညိုမှောင်တိမ်စိုင်တွေက ကျီစယ်တယ်
တောင်တန်းတွေက မခို့တရို့ပြုံးတယ်
စိတ်ဓာက်တွေ ပြန့်ကျဲမသွားအောင်
ကိုယ့်မှာ မင်းအပြုံလေးနဲ့ တောင့်ခံနေရ။
စာနာလှည့်ပါကွယ်။
၅။
တခစ်ခစ် ရယ်သံလေးရေ
ကိုယ့်နှလုံးသားပေါ်က Wallpaper လေးရေ
ကမ္ဘာကြီး စုံးစုံးမြုပ်တဲ့အထိ
အချစ်ရေလို့ ခေါ်ခွင့်ရဖို့
ကိုယ့်မှာ မင်းနှုတ်ခမ်းလေးကို မျော်ငေးနေရ။
သံသရာတစ်ဖက်ကမ်းထိ
ကိုယ့်သောကတွေ သယ်မသွားချင်ဘူးကွယ်။
မျိုးဝင်းနိုင်
[ ၂၁,၃,၂၀၁၉ ]
0 Comments