မောင်မျိုး(ရမည်းသင်း)
{ခ}မျိုးဝင်းနိုင်
ဆိုင်တံခါးကိုဆွဲဖွင့်လိုက်တော့ အဲယားကွန်း၏ အအေးဓာက်က ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျို၍ စိမ့်တတ်လာသည်။ ဆိုင်အတွင်းရှိ နံရံလေးဖက်လေးတန်တွင်လည်း NO SMOKING ဟူသော စာသားစလုံးမဲကြီးများကို ကပ်ထားသည်။ ကျွန်တော့်သူငယ်ချင်း သန့်ဇင်က သူ့မိတ်ဆွေနှစ်ယောက်နှင့် လမ်းမှာတွေ့၍ ဤဆိုင်ကို ခေါ်လာခြင်းဖြစ်သည်။ တစ်ယောက်က မင်းမင်း နောက်တစ်ယောက်က လင်းထွန်း ဟူ၍ သန့်ဇင်က ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့သည်။
ကျွန်တော်တို့အဖွဲ့က ဆိုင်၏အဝင်ပေါက်ညာဘက်ထောင့်စားပွဲမှာ နေရာယူလိုက်သည်။ သန့်ဇင်ကစားပွဲထိုးအား လှမ်းခေါ်၍ ဘီယာနှင့်အမြည်းများ မှာလိုက်သည်။ မှာလို့အပြီးသန့်ဇင်က ခုံတစ်ခုံကိုဆွဲယူ၍ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်ရင်း . . ."ကြည့်စမ်း ဟိုလူ့ကို"ဟုဆိုကာ ကျွန်တော်၏ နောက်ကျောဘက်ကို မေးဆက်ပြသည်။
ကျွန်တော်တို့အဖွဲ့က ဆိုင်၏အဝင်ပေါက်ညာဘက်ထောင့်စားပွဲမှာ နေရာယူလိုက်သည်။ သန့်ဇင်ကစားပွဲထိုးအား လှမ်းခေါ်၍ ဘီယာနှင့်အမြည်းများ မှာလိုက်သည်။ မှာလို့အပြီးသန့်ဇင်က ခုံတစ်ခုံကိုဆွဲယူ၍ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်ရင်း . . ."ကြည့်စမ်း ဟိုလူ့ကို"ဟုဆိုကာ ကျွန်တော်၏ နောက်ကျောဘက်ကို မေးဆက်ပြသည်။
ကျွန်တော်တို့ဝိုင်းနှင့် သုံးဝိုင်းကျော်တွင် ကျောပေး၍ ထိုင်နေသော လူတစ်ယောက် ဆေးလိပ်သောက်နေသည်ကိုပြောခြင်းဖြစ်သည်။ မျက်နှာကိုတော့ မမြင်ရ။ သန့်ဇင်က တစ်ရှူးစကိုဆွဲထုတ်ရင်း စကားစသည်။
"ဟင်း ဒီလိုလူမျိုးကိုပေါ့ မင့်ဦးလေးထွန်းလှိုင်ဆီပို့လိုက်ရမှာကွ"
"ဘာလို့လဲ ကိုသန့်ရဲ့"
သန့်ဇင်၏ ညာဘက်ဘေးရှိ မင်းမင်းဆိုသောလူက ရယ်ကျဲကျဲဖြင့် မေးသည်။
"သြော်. . .ဒီကောင်သက်နောင်ရဲ့ဦးလေးက ဦးစည်းကမ်းကြီးလေ သိပ်စည်းကမ်းကြီးတာဗျို့ သူ့အိမ်သွားရင်နေကြာစေ့တောင် မစားရဲဘူး“
လင်းထွန်း ဆိုသူက ဝင်မေးပြန်သည်။
“ဟာ အစ်ကိုတို့က ပြန်မသိမ်းလို့လား”
“ သိမ်းတော့သိမ်းတာပေါ့ဗျာ သိမ်းတဲ့ကြားကပဲ တစ်ခွံလောက် ကျန်ခဲ့ရင်တော့လား သေပြီဆရာပဲ။ တဗျစ်တောက်တောက်နဲ့ ဟောလိုက်တဲ့ စည်းကမ်းတရား သေဖို့သာပြင်၊ ဒီကောင် သက်နောင်ကတော့အသားကျနေပြီမို့ကိစ္စမရှိဘူး။ ကျွန်တော်ကတော့မခံနိုင်ဘူး။ ဒါကြောင့်သူ့အိမ်သွားရင် ခြေထောက်တောင် ဖုန်အတင်မခံရဲဘူးဗျိုး..."
" ဟား. . .ဟား. . .ဟား"
အားလုံးပွဲကျကုန်သည်။ သန့်ဇင်ကနောက်တစ်ဖန် ကျွန်တော့်နောက်ကို မေးဆက်ပြပြန်သည်။ ကျွန်တော်က လှည့်ကြည့်တော့ ထိုလူမှာ ဆေးလိပ်ကို အောက်ပစ်ချ၍ ခေါင်းငုံ့ကာနင်းချေနေသည်။
"နေပါဦး ကိုသက်ဦးလေးကတော်တော်ဆိုးလို့လား"
"ဆိုးတာမဟုတ်ပါဘူးစည်းကမ်းကြီးတာပါ"
အဲသည့်တော့မှ လင်းထွန်းဆိုသူက အို့တို့အမ်းတမ်းဖြစ်သွားသည်။
"ကျွန်တော်လည်း အဲ့ဒါကိုပြောတာပါပဲ ကိုသက်နောင်ရယ် ဟဲ ဟဲ"
"အင်းဟုတ်တယ်ဗျ။ ကျွန်တော်တို့ကလည်း စည်းကမ်းမရှိတာ ပါပါတယ်လေ။ အဲဒီ့တော့ ပိုပြောကောင်းတာပေါ့။ရွာတစ်ရွာ၊မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ တိုးတတ်ပြောင်လဲမှုဟာ စည်းကမ်းကအထူးအရေးပါတယ်မလား အိမ်မှာလည်းအိမ်စည်းကမ်း၊ ကျောင်းမှာလည်းကျောင်းစည်း၊ လူမူပတ်ဝန်းကျင်မှာလည်း လူ့စည်းကမ်းက မရှိမဖြစ်လို့မှမဖြစ်တာ မရှိရင်ဘာဖြစ်သွားမလဲ စဉ်းစားကြည့်"
"အင်း. . .မင်းတောင်မင့်ဦးလေး ခြေရာကိုတော်တော်နင်းမိနေပြီပဲ ကဲဆက်ပါဦး"
သန့်ဇင်က ဝင်နောက်သည်။
"အဲ့ဒါကြောင့် ဦးလေးထွန်းက အမြဲပြောနေတယ်ထင်ပါရဲ့။ ဦးလေးထွန်း အမြဲပြောတဲ့စကားရှိတယ်ဗျ။ မင်းတို့လို့စည်းကမ်းမရှိတဲ့ကောင်တွေပေါနေသမျှ ကာလပတ်လုံး တို့နိုင်ငံကတော့ တိုးတတ်ဖို့လမ်းစပျောက်ပြီး ဆုတ်ယုတ်လာဖို့ပဲရှိတယ် အဲဒီ့လို စည်းကမ်းမရှိသ၍ မင်းတို့ဘဝတွေလည်း ဘယ်တော့မှတိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာ မှတ်ထား ဆိုတဲ့စကားအမြဲပြောတတ်တယ်။ ပြောလွန်းလို့လည်း အခု အလွတ်ရနေတာပဲကြည့်တော့ဗျာဟား. . .ဟား"
သန့်ဇင်က ဘီယာတစ်ကျိုက်သောက်ပြီး ကျွန်တော့်နောက်ကိုကြည့်ကာ မျက်နှာကိုမဲ့ရှုံ့၍ မျက်စပစ်ပြပြန်သည်။ကျွန်တော်လှည့်ကြည့်တော့ ထိုလူကဆေးလိပ်နောက်တစ်လိပ်ကို လက်မှာညှပ်လျက်။ ဝိတ်တာလေးက ဘာတွေပြောနေသည်တော့ မကြားရ။ တစ်ယောက်နှင့်တစ်ယောက် အချေအတင် ပြောနေကြသည်။ အတန်ကြာပြောပြီးနောက် ထိုလူကဆေးလိပ်ကိုအောက်ပစ်ချကာ ဘက်လက်ဖြင့် ဝိတ်တာလေး၏ အကျႌလည်စကို လှမ်းဆွဲလိုက်သည်။ ညာဘက်ကလည်း လက်သီးဆုပ်လျက်။
"ဟေ့ကောင် အဲဒါ့ဦးလေးထွန်း. . . ဦးလေးထွန်းမလား"
သန့်ဇင်က ကျွန်တော့်လက်မောင်းကို အတင်းလှုပ်၍ မေးသည်။
"ဟာ. . .မဟုတ်ပါဘူးမျက်မှန်မှမပါတာ"
သန့်ဇင်က " ဟာ ဟုတ်ပါတယ်ကွ ဟုတ်တယ်" ဟုပြောရင်း ထိုလူ့ဆီကို ဒရောသောပါးပြေးကာဆွဲသည်။
ကျွန်တော်က သေချာအောင် လှမ်းကြည့်လိုက်သည်။ ဟုတ်သည်။ ကျွန်တော်တို့ပြောနေကြသည့် ဦးလေး...ဦးလေးထွန်းလှိုင်ဖြစ်သည်။ မင်းမင်းနှင့်လင်းထွန်းကတော့ ငေးကြောင်၍ ကြည့်နေကြသည်။
ကျွန်တော်ကတော့ နေရာတွင်ကြက်သေသေ၍ စည်းကမ်းဆိုတာကြီးကို မေးခွန်းထုတ်နေမိသည်။ စည်းကမ်းဆိုတာ ပါးစပ်က ဟစ်ကြွေးပြနေရုံပဲလားဟု ။
မောင်မျိုး (ရမည်းသင်း)
0 Comments