ဘယ်ကိုပဲ ကြည့်ကြည့်ကွယ်

အရောင်တွေ တစ်သံတည်းထွက်တယ်။

စိတ်ကိုလပေါ်ပဲ ပစ်တင်ပစ်တင်

မြေပြင်မှာပဲ ချထားချထား

ပြေသွားမှာလည်း စိုးတထိတ်ထိတ်နဲ့

သူ့အနား တစ်ဖဝါးမခွာချင်ခဲ့ဘူး ။

ကြိုးကလေးရေ. . .

သံသရာအဆက်ဆက် အထပ်ထပ် ချည်လည်း

ဒီကောင် တစ်ဘဝလုံးထိုးပေးနေမိမှာပါပဲ။


           မျိုးဝင်းနိုင်

      ၁၈.ဧပရယ်.၂၀၁၉