ဖူးပွင့်မြိုင်မြိုင်
လောဘခိုင်တို့ ၊ ကြိုင်လှိုင်နံ့သက်
မှေးစက်လေသော အချိန်ခါ။
ဖူးပွင့်မြိုင်မြိုင်
ဒေါသခိုင်တို့ ၊ ကြိုင်လှိုင်နံ့သက်
မှေးစက်လေသော အချိန်ခါ၊
ဖူးပွင့်မြိုင်မြိုင်
မောဟခိုင်တို့ ၊ ကြိုင်လှိုင်နံ့သက်
မှေးစက်လေသော အချိန်ခါ။
ဖူးပွင့်မြိုင်မြိုင်
ဒုက္ခခိုင်တို့ ၊ ကြိုင်လှိုင်နံ့သက်
မှေးစက်ကြ၍ ၊ သုခထွေထွေ
ပွင့်ဝေလေသော အချိန်ခါ။
သို့တည်းပြောမရ
ကိုယ့်အတ္တက ၊ နွမ်းလျမညို
ဖူးပွင့်စို၍ ၊ လိုမြဲထပ်ကာ
အိပ်မက်ထဲတောင် ခေါ်ချင်သေး။
မျိုးဝင်းနိုင်
၂၆- ၇-၂၀၁၇
0 Comments