အလိုမကျခြင်းကလေးတွေ မျိုချ

စိတ်ထဲ သိပ်သည်းလာတဲ့ အခါ

အချစ်ဟာ တဆစ်ဆစ်နာလာမှာပေါ့ကွယ်။


အနာဂတ်တွေ  ကြည်လင် မြမြမွှေးစေဖို့

ပွင့်လင်းမှုအပေါ်

ရိုးသားခြင်းတွ ခြယ်ကြမယ်။


တစ်ယောက်အပေါ် တစ်ယောက်

ယုံကြည်မှုတွေ စိုက်ထူကြမယ်။


တစ်ယောက် အနာကို

တစ်ယောက် ဆေးထည့်

နားလည်မှုတွေ ချခင်း

ဟိုဆီမှာ တောင်ထိပ်

ကိုယ်တို့ခြေဖဝါးအောက်ပေါ့။


လာပါအချစ်ရယ်

ကိုယ့်လက်ကို ရဲရဲတွဲ

ဒုက္ခကို တေးလုပ်ဆိုရအောင်။


 မျိုးဝင်းနိူင်

20.July.2019 Sat