[ မျိုးဝင်းနိုင် ]


မျက်စိစုံမှိတ်ပြီး မေတ္တာသက်ဝင်ခဲ့တယ်

စကားတွေ ဥပေက္ခာပြုပြီး

နားတွေ အလိမ်ခံခဲ့တယ်။


ရဟန္တာမှ မဟုတ်ဘဲကွယ်

မာကျော ကျောက်ဆောင်တောင်

ရေစားရင် ပဲ့ကြွေရသေးတာပဲ

ငါ့နားတွေလည်း

မခံနိုင်လောက်အောင် ခံနိုင်ရည်မဲ့ပျော်ကျ။


အချစ်ကို အခြစ်လို့

စာလုံးပေါင်းတတ်လာတဲ့အခါ

အိတ်ကပ်ဟောင်းလောင်းနဲ့

မေတ္တာကို စစ်ယူကြည့်

စိတ်ဓာတ်အညံ့စားတွေသာ

အတိုင်းသား

အချစ်ဟာ ကားနောက်ပါသွားပေါ့။


အချစ်ဟာ သိပ်စျေးကြီးတယ် မိကဋေ

ကိုက်စားလို့လည်း မရ

ဘယ်သူကများ မာစီးဒီးကိုကျော်ပြီး

စက်ဘီးနောက် လိုက်စီးမလဲ

ဒါမှ တကယ့် သဘာဝကျ ပီပြင်လှတယ်။


မင်းက ပျော်ရွှင်မှုကို ငွေနဲ့လဲယူချင်သူ

ငါက ချစ်ခြင်းမေတ္တာနဲ့ လဲယူချင်သူ

တစ်လမ်းစီ တောင်မြောက်

တန်ဖိုးက ကိုယ့်ခံယူချက်မှာပဲ

သက်ဆိုင်မယ်ထင်တယ် မိကုဋေ ။


မျက်ရည်စက နက်လာလိုက်တာ

ကမ်းပါးတွေကို လှိုက်စားလို့

ဒဏ်ရာတွေ ကျယ်ပြန့်

ရှုးအောင်လည်း ချစ်ခဲ့ပြီးပြီ

မမူးဘဲ မေ့အောင် ဆေးထည့်ရဦးမယ်။


(၂၅,၀၂,၂၀၂၀)