သတိရတဲ့အခါ
ခင်ဗျားလေးဟာ
ပင်းလုံးညွှတ်ထွေး ပွင့်နေပေါ့ ကျွန်တော့်ကမ္ဘာမှာ။
သတိရတဲ့အခါ
လေပြည်သော့ညှင်း ဖြေးဖြေးလေးညင်သာ
ခင်ဗျားလေးလား နမ်းရှိုက်လိုက်ရ ။
သတိရတဲ့အခါ
ဒိုင်ယာရီရွက် ပြန်လှန်ဖတ်တော့
ထွက်ကျလို့လာ
ချိုသာနုသွေး
ခင်ဗျားလေးရဲ့ ရယ်သံကလေးလေ။
သတိရတဲ့အခါ
ခင်ဗျားလေးဟာ ကျွန်တော့်ကမ္ဘာ
နှလုံးသားထဲ နူးညွှတ်စွာ. . .။
သတိရတဲ့အခါ. . .
- မျိုးဝင်းနိုင်
၃၀.ဇူလိုင်.၂၀၁၉
0 Comments