- မောင်မျိုး(ရမည်းသင်း)
အခန်း(၁)
"ညီလေး ဘယ်သွားမလို့လဲ
ဘယ်ကိုလိုက်ပို့ပေးရမလဲ ပုဗ္ဗလား ဘယ်လဲ"
သိုက်ချောင်းကားမှတ်တိုင် ဆင်းလိုက်သည်နှင့် ဆိုင်ကယ်, ကယ်ရီသမားများက အတင်းဝင်၍ အလုအယက် မေးကြသည်။
"ဟို...ဟိုတယ်ဇုန်ဘက်သွားချင်လို့ပါ ခင်ဗျ
တစ်ယောက်တည်း ခရီးတစ်ခါမျှမထွက်ဖူး၍ ကျွန်တော့်အသံမှာ အနည်းငယ်တုန်ယင်နေသည်။
"သြော်...ရတယ်ညီလေး ဘယ်ဟိုတယ်လဲ"
လူတစ်ယောက်က ကျွန်တော့် အ၀တ်အစားအိပ်အား လှမ်းဆွဲ၍ ဆိုင်ကယ်ပေါ်တင်လိုက်သည်။
"ဟို... ပန်း...ပန်းသီးပုံ ဟိုတယ်ပါအစ်ကို"
"အိုကေ...ထောင့်ငါးရာပဲပေး"
ကျွန်တော့်ကို လာခဲ့ဖို့ခေါ်သော သူငယ်ချင်းကျော်မျိုးက ဖုန်းထဲမှာ တစ်ခါတည်းမှာလိုက်သည်။ ကျွန်တော် သွားနေကျ တစ်ထောင်ပါပဲ ဟုပြော၍ ဈေးဆစ်ခိုင်းသည်။ သို့သော် ကျွန်တော်မဆစ်ရဲ။ ဆိုင်ကယ်, ကယ်ရီသမား ပြောသည့်အတိုင်း တစ်ထောင့်ငါးရာပေး၍ စီးခဲ့သည်။ကျွန်တော့်ကို လာခဲ့ဖို့ခေါ်ခဲ့သော သူငယ်ချင်းဟု ဆိုသော်လည်း သူကကျွန်တော့်ထက် သုံးနှစ်ခန့်ကြီး၏။ ငယ်စဉ်ကတည်းက တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်တန်းတည်း အတူတက်ခဲ့သောကြောင့်သာ သက္တူ၊ ရွယ်တူ သူငယ်ချင်းလိုပင် ပေါင်းသင်း ဆက်ဆံကြခြင်းဖြစ်သည်။ သူကေတာ့ သည်နေပြည်တော်မှာ အလုပ်လုပ်နေတာ နှစ်နှစ်ခန့်ကြာပြီ။ သူရွာကိုဖုန်းဆက်တော့ ကျွန်တော်နှင့် ဖုန်းပြောဖြစ်ကာ ရွာမှာလုပ်ရတာ စီးပွားရေး သိပ်အဆင်မပြေကြောင်း ပြောဖြစ်ကြသည်။ သူ့ဆီမှာ အလုပ်ရှိလျှင်ခေါ်ပါဦး ဟုပြော၍ သူကခေါ်ခဲ့ခြင်းဖြစ်သည်။ အရွယ်အားဖြင့်လည်းငယ်သေးသည်။ တစ်ယောက်တည်းလည်း ခရီးမထြက္ဖူး၊ တစ်ခါမျှလည်း အပြင်ထွက်၍ အလုပ်လုပ်ဖူးသူမဟုတ်၍ ကျွန်တော့် စိတ်ထဲမှာ အလိုလိုနေရင်းပင် ကြောက်နေမိသည်။ ဟိုရောက်လျှင် ပန်းရန်လုပ်ရမည် ဟုတော့ပြောသည်။ မည်သို့သောလူများနှင့် တေ့ွ၍ မည်သည့်နှယ် ဆက်ဆံမည်ကို တွေးရင်းနှင့်ပင် ကျောချမ်းမိသည်။ ဆိုင်ကယ်လေးသည် သိုက်ချောင်းလမ်းခွဲ ပုဗ္ဗသီရိမြို့၏ ကားလမကြီးအတိုင်း အရှေ့ဘက်မှ အနောက်သို့ စီးမျော၍ မောင်းနှင်လာသည်။ လမ်း၏ ဘယ်ဘက်ခြမ်း နေရာတိုင်းတွင် ရေနံသုတ် ပြင်ထောင်အိမ်ကလေးများချည်းတွေ့ရ၍ ကြီးမားသော အဆောက်အဦးများကို အနည်းငယ်သာတွေ့ရသည်။ ညာဘက်ခြမ်းတွင် အဆောက်အဦးနှင့် အိမ် ခပ်ကျဲကျဲသာ တွေ့ရသည်။ ထိုရေနံသုတ် ပြင်ထောင်အိမ်လေးများသည် တစ်ဖြည်းဖြည်း မြင်ကွင်းမှ ကွယ်ပျောက်လာသည်နှင့်အမျှ တောင်တန်းများကို တွေ့ရသည်။ ကားလမ်းမကြီးသည် တောင်များကြားတွင် ဖောက်လုပ်ထား၍ ညေနငါးနာရီ အချိန် နေလုံးကြီးသည်တောင်နှင့် ကြယ္ကာ မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ တောင်များကြားတွင် တောများက ထူထပ်သည်။ နဂိုအခံ ကြောက်စိတ်သည် တောင်ပေါ်မှတောများကို ကြည့်ရင်း ကြက်သီးများပင် တဖျင်းဖျင်းထလာမိသည်။ သို့သော် လမ်းခင်းသူများနှင့် အဆောက်အဦး အချို့ကိုတော့ မပြတ်တွေ့နေရသည်။ အကယ်၍ သူငယ်ချင်းပြောသည့် ပန်းသီးပုံ ဟိုတယ်ရောက်လျှင် သူနှင့် ချက်ချင်းတွေ့ပါ့မလား။ ရင်ထဲသို့ စိုးရိမ်စိတ်များ စီး၀င်လာသည်။ ထိုစိုးရိမ်စိတ်များက ခန္ဓာကိုယ်ထဲ မပျက်စီးဆင်း၍ ကျွန်တော့်အား ချေွးစေးပြန်စေသည်။
"ရောက်ပြီ ညီလေး"
ဆိုင်ကယ်ကို ကျွိခနဲ ရပ်၍ ကယ်ရီသမားအစ်ကို ပြောမှ ကျွန်တော်သတိပြန်ဝင်လာသည်။
"သြော်...ဟုတ်ကဲ့ အစ္ကို ဟိုဒါနဲ့အစ်ကို ဟိုတယ္ကဘယ္မလဲ မသိဘူး။"
"ဟိုတယ္က အခုမှဆောက်တုန်းလေ ညီလေးရဲ့။ ပြီးမှမပြီးသေးတာ။ ဆောက်လက်စ တန်းလန်းကြီးပဲရှိသေးတော့ ဟိုတယ်ပုံဘယ်ပေါ်သေးမလဲ။ အဲ့ဒါပဲ ပန်းသီးပုံဟိုတယ်ဆိုတာ။
ကယ်ရီသမားအစ်ကို လက်ညှိုးထိုးပြရာ နေရာအားကြည့်၍"သြော်.."ဟုဆိုကာ ကျွန်တော် ပိုက်ဆံထုတ်ပေးလိုက်သည်။
"ဟေ့ကောင် ဇော်ကြီး"
ရုပ်တရက် ကျွန်တော့်နာမည်ကို အခေါ်ခံ လိုက်ရခြင်းကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျွန်တော် အံ့သြ ဝမ်းသာ သွားသည်။
"ဟာ...ကျော်မျိုး ငါ့ဖြင့် တွေ့မှတွေပါ့မလားလို့ကွာ"
မင်းအဲ့လို ဖြစ်နေမှာစိုးလို့ ငါအစောကြီးကတည်းက လာစောင့်နေတာ။
ကယ်ရီသမားအစ်ကိုအား နှုတ်ဆက်ပြီးသည်နှင့် သူငယ်ချင်း ကျော်မျိုးက ကျွန်တော့်ပုခုံးကို သိုင်းဖက်၍ အလုပ်သမားတန်းလျားရှိရာသို့ ခေါ်လာခဲ့သည်။
အခန်း(၂)
"ဒါ ငါ့ညီနဲ့ တွဲလုပ်ရမဲ့သူပဲ။ နာမည်က ဦးမောင်ညိုတဲ့...ဦးမောင်လို့ပဲခေါ်ကြတယ်။"
မန်နေဂျာက မိတ်ဆက်ပေး၍ ကျွန်တော်က ဦမောင်ဆိုသူကို ပြုံးပြလိုက်သည်။ ထိုလူက ပြုံးမပြ။ မန်နေဂျာဘက်ဆီသို့ပင် အကြည့်လွှဲပစ်သေးသည်။ ကျွန်တော့်စိတ်ထဲတွင် အနည်းငယ် ခိုးလို ့ခုလု ဖြစ်သွားသည်။
"ငါ့ညီက ဦးမောင်ရဲ့ ပန်းရန်နောက်လိုက်လုပ်ရမှာ။ ဦးမောင်က အုတ်လိုရင် အုတ်သယ်ပေး မဆလာလိုရင် မဆလာသယ်ပေးလိုက်။ ဟုတ်ပြီလား...။"
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
"ကဲ. . .ဒါဆိုအစ်ကိုသွားမယ်။ ဦးမောင်ကျွန်တော် သွားလိုက်ဦးမယ်။"
ဦးမောင်က ခေါင်းတစ်ချက်ညိတ်ပြသည်။ ပြီးသည်နှင့် ကျွန်တော့်ကို လက်ယက်ခေါ်ကာ အုတ်ခဲပုံရှိရာသို့ လိုက်စေသည်။ အုတ်ခဲပုံအနား ရောက်သည်နှင့် ဦးမောင်က အုတ်ခဲရှစ်လုံးကိုစီသည်။ စီပြီးသည်နှင့် ကျွန်တော့်အား "သယ်လေ" ဆိုသောအကြည့်နှင့် မျက်စပစ်ပြသည်။ ဘယ္လို လူမှန်းမသိ။ စကားလည်းမပြော။ ကျွန်တော့်အတွက် ပျင်းရိဖွယ်ကောင်းသလို စိတ်ညစ်ဖွယ်ကောင်းဦးမည်ဟု ကြိုတင်ခန့်မှန်းကြည့်မိတော့သည်။
အခန်း(၃)
"ဟေ့...အငယ်လေး
မည်သူ့အား ခေါ်နေသည်မသိသော လူတစ်ယောက် ကျွန်တော် အုတ်လာသယ်ရာ အုတ်ပုံဆီသို့လာနေသည်။ သို့သော် အုတ်ပုံအနားမှာ အုတ်လာသယ်သော လူဆို၍ ကျွန်တော် တစ်ယောက်သာရှိသည်။
"ဟေ့...အငယ်လေး မင်းကိုခေါ်နေတာ။"
ကျွန်တော်က ခေါင်းကိုညွှတ်၍ မိမိ၏ ရင်ဘက်အား လက်ညိုးထိုးပြလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြသည်။
"ငါမင်းကိုကြည့်နေတာ။ အုတ်တစ်ခါသယ်ရင် ရှစ်လုံးပဲသယ်တယ်။ အခေါက်ခေါက် အခါခါ သယ်ရတော့ မင်းမောတာပေါ့ကွ။"
"ဦးမောင်က ရှစ်လုံးပဲသယ်ခိုင်းလို့ပါဗျ။"
ကျွန်တော်က စူပုပ်ပုပ်နှင့် ပြန်ပြောလိုက်သည်။
"ဘယ်နှယ့်လဲ အဲ့လူကြီးနဲ့ လုပ်ရတာ အဆင်ပြေလား။"
ကျွန်တော်လည်း ရင်ဖွင့်ချင်သည်နှင့် အံကိုက်ဖြစ်သွားသည်။ ဦးမောင်အကြောင်းကို သူငယ်ချင်းကျော်မျိုးအား မေးကြည့်သော်လည်း သူနှင့် ဆိုဒ်ချင်းမတူ၍ ရေရေရာရာ မသိကြောင်းကိုပြောသည်။ ထို့ကြောင့် သည်လူများသိမလားဆိုသော မျှော်လင့်ချက်အရောင်က ကျွန်တော့်ထံလတ်သွားသည်။
"ဘယ်လိုလူကြီးမှန်းလဲ မသိပါဘူးဗ်ာ။ တစ်နေကုန်လို့မှ စကားတစ်ခွန်းတောင်မပြောဘူး။"
ထိုလူက ရယ်သည်။
"ဒီလူက အဲ့လိုပဲ။ သူ့သား ဆုံးပြီးကတည်းက ဘယ်သူ့မှ စကားပြောလေ့မရှိဘူး။ သူ့သားက မင်းတို့အရွယ်လောက်ပဲကွ။ မိန်းမကလည်း မရှိတော့ ကြောင်တောင်တောင်နဲ့ပါကွာ။ သူ့ကိုယ်သူ ပန်းရန်ဆရာဆိုပြီး မာန်တတ်နေတာလည်း ပါမှာပေါ့။ ဂရုစိုက်မနေပါနဲ့။ သြော်...ဒါနဲ့ငါနာမည် စိုးငြိမ်းတဲ့ မင်းနာမည်ကော။"
"ဟုတ် ကျွန်တော့်နာမည် ဇော်ခိုင်ပါ ကိုစိုးငြိမ်း"
"အေးပါကွာ။ ပျင်းရင် တို့ဘက်လာလည် ပေါ့။ ပျော်ပျော်နေသေခဲ့။ မော်တော်နေရေထဲ။ ဆော်လိုချင် အေစွဲဆိုလား ဘာလား အေဟး..."
ကိုစိုးငြိမ်းကိုကြည့်ရသည်မှာ ပျော်ပျော်နေတတ်မည့် ပုံပေါ်သည်။
"ငါသွားတော့မယ် အငယ်လေးရေ။ ညဘက်ပျင်းရင် လာခဲ့ပေါ့ကွာ"
ကျွန်တောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
အခန်း(၄)
တစ်လပြည့်၍ လူမျိုးစုံနှင့် ပေါင်းသင်းဆက်ဆံရကာ စရိုက်မျိုးစုံ၊ စိတ်ဓာက်မျိုးစုံ အကြောင်းများအား ကျွန်တော်အတန်အသင့် သိနားလည်လာပြီ။ အပေါင်းအသင်းစုံလာ၍ သူငယ်ချင်းကျော်မျိုးကပင်လျှင် ကျွန်တော့်အား သတိပေးလာသည်။ ခက်သည်က ဦးမောင်၏ စိတ္ကိုကား ကျွန်တော် ယခုထက္ထိ နားမလည်သေး။ ထူးဆန်းစွာ ယနေ့ ဦးမောင်သည် ကျွန်တော့်အား သူ့အနားမှာ ထိုင်ခိုင်း၍ မေးခွန်တစ်ချို့ မေးသည်။
"အသက် ဘယ်လောက်ရှိပြီလဲ"
မေးပုံမှာ အသက်မပါ။
"ဆယ့်ရှစ်နှစ်ပါ ဦးမောင်"
ဦးမောင်သည် ခေါင်းတညိတ်ညိတ်လုပ်၍ ဆက်မေးသည်။
"မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ"
"သုံးယောက်ရှိပါတယ် ဦးမောင်။ ညီလေးတစ်ယောက် ညီမလေးတစ်ယောက် နှစ်ယောက်လုံးကျောင်းနေပါတယ်။ ကျွန်တော်က အကြီးဆုံး။"
ဦးမောင် မမေးသော မေးခွန်းများကိုပင် ကျွန်တော်ဖြေပစ်လိုက်သည်။
"အေဖေရာ အမေရောရှိသေးလား။"
"အေဖကေတာ့ မရှိတော့ပါဘူး။ အမေကတော့ရှိသေးတယ်။ အေမက နှလုံးရောဂါရှိတော့ သိပ်အလုပ်မလုပ်နိုင်ဘူးလေ။ အိမ်မှာပဲ စက်ချုပ်တယ်။"
ကျွန်တေ်က စိတ်ပါဝင်စားစွာ ဖြေသည်။ ဦးမောင်မျက်နှာ တစ်ချက်ညှိုးသွားသည်ကိုတော့ ကျွန်တော် ဂရုပြုမိသည်။ ပြီးသည်နှင့် ခါင်းတညိတ်ညိတ်လုပ်နေသည်။
"ကိုယ့်အခြေအနေ ကိုယ်သိပေါ့။"
ပြောပုံမှာ မခံချိ မခံသာစရာ ကောင်းလွန်းလှသည်။ ကျွန်တော့်စိတ်ထဲတွင်လည်း ဘာခံစားချက်မျှမရှိသော ကျောက်တုံးကြီးဟု အမည်ပေးလိုက်မိတော့သည်။
အခန်း(၅)
ယနေ့ နေ့ခင်းက ဦးမောင်ပြောသည့်ကိစ္စကို ကျွန်တော်မကျေမနပ်ဖြစ်နေမိသည်။ အကြောင်းမှာ ကိုစိုးငြိမ်းတို့အဖွဲ့နှင့် တတွဲတွဲမလုပ်ရန်၊ မပေါင်းသင်းရန်ပြောသောကြောင့်ဖြစ်သည်။ ကျွန်တော်ဘာမျှတော့ ခွန်းတုံ့မပြန်ခဲ့။ သို့သော် စိတ်ထဲမှာတော့ မေက်နပ္စိတ္က တငွေ့ငွေ့လောင်နေသည်။ ကိုစိုးငြိမ်းက နေ့တိုင်းအရက်သောက်စားတတ်ပေမယ့် သူနှင့်စာလျှင် ကျွန်တော့်အပေါ် များစွာကောင်းသည်။ သူလို လူမူရေးမသိသော လူမျိုးလည်းမဟုတ်။ ထို့ကြောင့် ယနေ့ည သူဆီကိုလာခဲ့ဖို့ ခေါ်ထားခြင်းကိုပင် ကျွန်တော်မသွား။ သူငယ်ချင်းကျော်မျိုးကိုပင် မခေါ်မိ။ ကိုစိုးငြိမ်းနှင့် ကျွန်တော် နှစ်ယောက်သား အရက်ဆိုင်ဘက်ထွက်လာခဲ့သည်။ ဆိုင်ရောက်သည်နှင့် ဇေတစ်လုံးမှာ၍ သောက်သည်။ အရက်ပင်လျှင် မကျေနပ်စိတ်ကြောင့် ပြင်းသည်မထင်ရ။ သောက်ကောင်းနေသည်။ အရှိန်ကလေး နည်းနည်းရလာ၍ ခပ်ထွေထွေဖြစ်နေသည့် အချိန်မှာ မထင်မှတ်ဘဲ ရန်ပွဲစကြသည်။ အကြောင်းမှာ ဘာမျှမဟုတ်။ ကိုစိုးငြိမ်းက အရက်သောက်ပြီး၍ ခွက်ကိုပြန်အချတွင် အသံပြင်းသွားခြင်းကြောင့်ဖြစ်သည်။ အဲသည့်အတွက် တစ်ဖက်ဝိုင်းမှ လူသုံးယောက်နှင့် ကိုစိုးငြိမ်းအချေအတင် စကားများကြသည်။ နောက်ဆုံးတွင် တစ်ဖက်ဝိုင်းမှလူက ထလာ၍ ကိုစိုးငြိမ်းအားထိုးသည်။ ကိုစိုးငြိမ်းမှ ပြန်ထိုးမည် အပြုတွင် ကျွန်တော်က ဝင်ဆွဲသည်။ တစ်ဖက်မှလူက ကျွန်တော့်ကိုပါ ထိုးသည်။ ကျွန်တော်လက်ဖြင့် ကာသေးသည်။သို့သော် ကာ၍နောက်ကြသွားကာ ကျွန်တော့်နှာခေါင်းပေါ်လက်သီးကျရောက်သွားသည်။ ကျွန်တော် နောက်သို့လဲကျသွား၍ နှာခေါင်းမှ သွေးများထွက်လာသည်။တစ်ဖက်မှ လူနှစ်ယောက်နှင့် ကိုစိုးငြိမ်းမှာ အပြန်အလှန်ထိုးနေကြသည်။ ကျွန်တော် ပြန်ထမည် အပြုတွင် စောစောက ကျွန်တော့်ကိုထိုးသော လူသည် တုတ်တစ်ချောင်းဆွဲလာ၍ ကျွန်တော့်အားရိုက်ရန်ပြု သည်။ ကျွန်တော်ခေါင်းကိုငုံ့၍ လက်ဖြင့်ကွယ်ထားလိုက်သည်။"ဖြောင်း"တုတ်ဖြင့် ရိုက်သံကိုကြားလိုက်ရသည်။ သို့သော် ကျွန်တော့်အပေါ်ကျမလာ။
"ဟင် ဦးမောင် ဦးမောင်"
ဦးမောင် မြေပေါ်သို့ လဲက်သြား၍ ဦးမောင်အား ကျွန်တော်အပြေးပွေ့သည်။ ခေါင်းကိုကိုင်မိ၍ သွေးများဖြာထွက်လာသည်ကို ကျွန်တော်သိလိုက်သည်။ ကျွန်တော်က အသံကုန်တင်၍ "ကယ်ကြပါဦး ကယ်ကြပါဦးဗျာ"ဟု ပတ်ဝန်းကျင်အား အကူညီတောင်းလိုက်၍ တစ္ဖက္လူမ်ား ပြေးကုန်ကြသည်။ ဦးမောင်ဘယ်အချိန်က ရောက်လာ၍ ဘာကြောင့်များကျွန်တော့်အစား ၀င်ခံလိုက်သည်ကိုပင် ကျွန်တော်နားမလည်နိုင်တော့။ ကျွန်တော် သူ့ဆီကိုမလာ၍ သည်နေရာအား လိုက်လာခြင်းဖြစ်မည်။ ဦးမောင်က ကျွန်တော့်အား စကားပြောရန် အားယူနေသည်။
"မင်း. . .မင်းကွာ. . .မင်းကို ငါ. . . ငါခေါ်ထားတာကို ဘာ. . . ဘာလို့မလာတာလဲ"
ဦးမောင်သည် အသက်ရှုရန် ခက်ခဲ မောပမ်းနေသည့်ကြားကအားယူ၍ ပြောသည်။ ပြီးနောက် ညာဘက်လက်တုန်တုန်ယင်ယင်ဖြင့် သူ၏ကိုယ်မှာ လွယ်ထားသော လွယ်အိတ်အား ပုတ်ပြသည်။
"ဒီ. . .ဒီလွယ်အိတ်ထဲမှာ ပိုက်. . . ပိုက္ဆံ ဆယ်သိန်း. . . သိန်းပါတယ်။"
ကျွန်တော်က နားမလည်၍ ငေးကြောင်၍ ကြည့်နေသည်။
"ဒီ. . .ဒီပိုက်ဆံတွေက ငါ. . .ဘဏ်မှာအပ်ထား. . .ထားတဲ့ငွေတွေ။ နေ့ခင်း. . .ခင်းကမှ သြားထုတ္လာ. . .လာတာ။ ဒီပိုက်. . .ပိုက်ဆံတွေ ယူပြီး. . .မင်းရွာကိုမင်း ပြန်. . .ပြန်တော့။မင်းဒီ. . .ဒီမှာကြာကြာနေရင် ပျက်. . .ပျက်ဆီးလိမ့်မယ်။"
"ဗ်ာ"
ဦးမောင်ပုတ်ပြသော လွယ်အိတ်အား ကျွန်တော် မင်သက်ကာ ကြည့်နေမိ၏။
"ဟုတ်. . .ဟုတ်တယ်။ ဒီ...ဒီပိုက်ဆံတွေက ငါ့သားအတွက် ငါစု. . .စုထားတာပါ။ အခုခုတော့ မင်းအတွက်ဖြစ်သွားပြီ။မင်း...ရွာ...ရွာပြန်ပြီး ကောင်းရာကောင်းကြောင်း တစ္ခုခုလုပ္စားပါ။ ဒီ...ဒီမှာဆက်မနေတော့နဲ့ မင်း...မင်းပျက်ဆီးလိမ့်မယ်။ ငါ့သားသားလည်းဒီလို အပေါင်းသင်းမက်လို့ အရက်စွဲပြီး ပျက်ဆီးသွားတယ်။ ပြီးပြီးတော့ မူးပြီးကားတိုက်ခံရတယ်။"
ကျွန်တော့်ရင်တစ်ခုလုံး ဗြောင်းဆန်၍ ဆို့နစ်စွာ ခံစားလိုက်ရသည်။
"ဦးမောင်ရယ်"
ကျွန်တော်၏ ပါးပြင်ပေါ်သို့ မျက်ရည်များက တားမနိုင် ဆီးမရ သွင်သွင်စီးကျ၍လာသည်။ မိမိကိုယ်ကိုယ်လည်း အပြစ်တင်နေမိတော့သည်။ ယူကျုံးမရဖြစ်ရသည်။ဦးမောင်အား ပွေ့ဖက်ထားရင်းက သူ၏ လက်များအားတင်းတင်းဆုပ်ကိုင်လျက် သေချာစူးစိုက်ကြည့်နေမိတော့သည်။ ကျွန်တော်ကို ခွင့်လွှတ်ပါဦးမောင်ရယ်ဟု ရင်ထဲက တိုးရှိုးပြောနေမိတော့သည်။ ပါးစပ်ကပြောမထွက်ပေမယ့် မျက်လုံးကနေတစ်ဆင့် ကျွန်တော်၏ စိတ္ကို ဦးမောင်ကောင်းစွာ မြင်နိုင်လိမ့်မည်ကို ကျွန်တော်သိနေသည်။ ကျွန်တော်က ဦးမောင်၏ မျက်လုံးများကို နေ့တိုင်းကြည့်နေမြင်နေ၊ ကြည့်နေခဲ့ပေမယ့် ဦးမောင်စိတ်ကိုဘာကြောင့်များ မမြင်နိုင်ခဲ့ပါသနည်း။ ယခုမွ ဦးမောင်၏ စိတ္ကို ကျွန်တော်ကောင်းစွာမြင်လိုက်ရလေတော့သည်။ တစ်ချို့သော အရာတွေဟာ မျက်လုံးနှင့် ကြည့်ရုံမျှမမြင်ရပါပဲ စိတ်နှင့်ကြည့်မှသာလျှင် မြင်နိုင်ခြင်းကို ကျွန်တော်ကောင်းစွာ သဘောပေါက် နားလည်လိုက်လေတော့သည်။
မောင်မျိုး(ရမည်းသင်း)
0 Comments